There are three distinct products; Face-to-Face, ILBC Quick Learn and the Premium Learning Courses (PLC).
One-to-One အင်္ဂလိပ်စာအတန်းတွေမှာတော့ အသက် (၇) နှစ်နှင့်အထက် မည်သူမဆိုတက်ရောက်နိုင်ပါတယ်။ Course တစ်ခုမှာ Module (1) နဲ့ Module (2) ဆိုပြီး Module နှစ်ခုပါဝင်မှာဖြစ်ပြီး Module တစ်ခုကို အချိန် နှစ်လခွဲကြာ တက်ရောက်မှာဖြစ်ပါတယ်။ Level တစ်ခုပြီးမြောက်ဖို့အတွက် Module နှစ်ခုလုံးကို ပြီးဆုံးစွာ တက်ရောက်ရမှာဖြစ်ပါတယ်။ One-to-One အတန်းမှာဆိုရင် ပြည်တွင်းမှ ဆရာ/ဆရာများနှင့်သော်လည်းကောင်း၊ နိုင်ငံခြားမှ ဝါရင့်ဆရာ/ဆရာမများနှင့်သော်လည်းကောင်း ရွေးချယ် သင်ယူနိုင်ပါတယ်။ အတန်းတစ်တန်းမှာ ဆရာ/ဆရာမ တစ်ဦး (သို့မဟုတ်) တစ်ဦးနှင့်အထက်မှ ပါဝင်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်ကြားရာမှာ အပြန်အလှန်တက်ကြွပြီး ထိရောက်စွာ သင်ယူနိုင်ဖို့အတွက် စာသင်ချိန်အတွင်းတွင် ဆရာ/ဆရာမများနှင့် သင်ယူများမှ Camera များကို ဖွင့်ထားပေးရမည်ဖြစ်ပါတယ်။ အတန်းထဲတွင် ဆရာ/ဆရာမများမှ သေချာဂရုစိုက် သင်ကြားပေးမှာဖြစ်ပြီး အပြန်အလှန်မေးခွန်းများကို ဆရာ/ဆရာမများထံ တိုက်ရိုက်မေးနိုင်မှာ ဖြစ်တဲ့အတွက် အင်္ဂလိပ်စာအရည်အချင်းများ တိုးတက်လာစေမှာပဲဖြစ်ပါတယ်။
One-to-Many အတန်းတွေမှာ အသက် (၇) နှစ်နှင့်အထက် ဘာသာစကားကို ထိရောက်စွာ သင်ယူလိုသူတိုင်း တက်ရောက်နိုင်ပါတယ်။ Face-to-Face သင်ကြားမှုမှတစ်ဆင့် ဆရာ/ဆရာမများနှင့် သင်ယူသူများကြား ပျော်ရွှင်တက်ကြွစွာ အပြန်အလှန် လေ့လာသင်ယူနိုင်ဖို့ စီပေးထားတာဖြစ်ပါတယ်။ အတန်းတစ်တန်းမှာ ကျောင်းသား (၂၅) ယောက် သင်ယူနိုင်မှာဖြစ်ပါတယ်။ Course တစ်ခုမှာ Module (1) နဲ့ Module (2) ဆိုပြီး Module နှစ်ခုပါဝင်မှာဖြစ်ပြီး Module တစ်ခုကို အချိန် နှစ်လခွဲကြာ တက်ရောက်မှာဖြစ်ပါတယ်။ Level တစ်ခုပြီးမြောက်ဖို့အတွက် Module နှစ်ခုလုံးကို ပြီးဆုံးစွာ တက်ရောက်ရမှာဖြစ်ပါတယ်။ အတန်းတစ်တန်းမှာဆိုရင် အတွေ့အကြုံရှိပြီး Well-trained ဖြစ်တဲ့ ပြည်တွင်းမှ ဆရာ/ဆရာမ တစ်ဦး (သို့မဟုတ်) တစ်ဦးနဲ့အထက်မှ သင်ခန်းစာကို ထိရောက်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ စာသင်ချိန်အတွင်းတွင် ဆရာ/ဆရာမများနှင့် သင်ယူများမှ Camera များကို ဖွင့်ထားပေးရန် လိုအပ်ပြီး တစ်ဦးတည်းလုပ်ဆောင်မှုများနှင့် အဖွဲ့လိုက်လုပ်ဆောင်မှုများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ One-to-Many အတန်းမှာဆိုရင် သင်ယူသူအချင်းချင်း ပူးပေါင်းလုပ်ဆောင်တတ်မှုနဲ့ အပြန်အလှန်တက်ကြွတဲ့ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်တစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။
Premium Learning Courses (PLC)
Premium Learn Courses (PLC) မှာဆိုရင် အမျိုးမျိုးသော ဘာသာစကားများကို လေ့လာသင်ယူနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ ILBC ကျောင်းသူ/သားများသာ သီးသန့်တက်ရောက်နိုင်တဲ့ ထိုင်းဘာသာစကားသင်တန်းများကို ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။ မကြာမီမှာလည်း အခြားသောဘာသာစကားများကို လေ့လာသင်ယူနိုင်ဖို့အတွက် အတန်းသစ်များ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
ILBC Quick Learn
ILBC Quick Learn ဆိုတာ နေ့စဉ်ဘဝမှာ အသုံးပြုလေ့ရှိတဲ့ ဘာသာစကားများသာမက အခြားသော စိတ်ဝင်စားစရာကောင်းတဲ့ဘာသာရပ်တွေရဲ့ အထွေထွေဗဟုသုတွေကို အခမဲ့လေ့လာနိုင်မယ့် Online Learning Platform တစ်ခုဖြစ်ပါ့တယ်။ ILBC Quick Learn မှာဆိုရင် ဗဟုသုတရရှိနိုင်မယ့် ထောင်ပေါင်းများစွာသော Short Video တွေကို Website မှတဆင့်သော်လည်းကောင်း၊ Mobile App မှတဆင့်သော်လည်းကောင်း အခမဲ့ လေ့လာနိုင်မှာဖြစ်ပါတယ်။ ဘာသာစကားနဲ့ အခြားသော ဗဟုသုတအစုံကို လွယ်ကူစွာနဲ့ ဘတ်စ်ကားပေါ်မှာဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် Short Video လေးတွေမှတဆင့် အခမဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။